လာရောက်ဖတ်ရှု့သူအားလုံး အဆင်ပြေပါစေ

အမုန်းကိုကျော်လွန်ရ်ျ ကြည့်ခြင်း

ဒီခေါင်းစဉ်စာသားလေးကတော့ ကျမချစ်တဲ့ ကျမတို့မြို့သား ဆရာသစ်ရဲ့စကားလေးကိုယူသုံးထားတာပါ
ကျမတို့ဟာပြသနာတခ၊ုအကြောင်းအရာတခုကို အမုန်းကိုကျော်လွန်ပြီးမကြည့်နိုင်ကြတဲ့အခါ
အမှန်တရားနဲ့ဝေးသွားတတ်ပါတယ်
ကျမတို့ ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှကျမတို့ရဲ့စိတ်ကိုဒုက်ခမပေးနိုင်ကြပါဘူး ကျမတို့ရင်ထဲမှာအာဃာတတွေများနေရင် ဒါတွေကို မထိန်းချုပ်နိုင်ရင် ကျမတို့မှာစိတ်ဖိစီးမှုတွေများလာမယ်။ အခုကျမစိတ်မချမ်းသာဘူး ဒီပတ်ဝန်းကျင်ကထွက်ပြေးချင်တယ် ဒါကြောင့်နေရာသစ်တခုကိုရှာဖွေချင်တယ်
ဒါပေမယ့်ကျမသိတယ်ကျမ ဒီပတ်ဝန်းကျင်က ဒီလူတွေကသာကျမလွတ်မြောက်နိုင်မယ်
ကျမကိုယ်တိုင်ဆီကတော့လွတ်မြောက်နိုင်မှာမဟုတ်ဘူး
ရင်ထဲမှာအာဃာတတွေ၊ဒေါသတွေရှိနေတဲ့သူဟာ အပြင်မှာ စိတ်ချမ်းသာမှုကိုရှာတွေ့နိုင်မှာမဟုတ်ဘူး
ဒါကြောင့်ကျမတို့ဟာ အမုန်းကိုကျော်လွင်ပြီးကြည့်နိုင်ကြဖို့လိုပါတယ်
တကယ်တော့ ပြသနာတော်တော်များရဲ့အဖြေဟာ ကျမတို့ရဲ့စိတ်အတွင်းမှာပဲရှာဖွေနိုင်ပါတယ်
သူငယ်ချင်းတို့ရောပြသနာတွေရဲ့အဖြကိုဘယ်လိုရှာဖွေကြသလဲဆိုတာ ကျမစိတ်ဝင်စားတယ်
0 Responses

အလည်ရောက်ကြသူများ