လာရောက်ဖတ်ရှု့သူအားလုံး အဆင်ပြေပါစေ
ကျုပ်မအားဘူးဗျ
လုံးဝသစ်လွင်တဲ့ နှလုံးသားတခု
ထုဆစ်နေလေရဲ့
အနာဂါတ် အတွက်နှလုံးသားတခု
ချစ်တတ်ဖို့
ခံစားတတ်ဖို့
လူတွေကိုနားလည်သဘောပေါက်ဖို့
နှလုံးသားတခု
ပြီးတော့
ဘယ်သူကို လွတ်လွတ်လပ်လပ်
လက်ဆွဲနှုတ်ဆက်ရမယ်ဆိုတာ
ဘယ်သူကိုတော့ဖြင့်ဘယ်တော့မှ
လက်ထုတ်နှုတ်မဆက်ရဘူးဆိုတာ
ကျုပ်ပြောပြဖို့လေ----
ဒီကဗျာလေးဟာ semon ရဲ့ new heart ဆိုတဲ့ ကဗျာလေးပါ
ငယ်ငယ်ကတည်းက ကျမစွဲလမ်းခဲ့တဲ့ကဗျာလေးမို့ဝေမျှလိုက်ပါတယ်

counselling ရောင်းသူ

နံနက်မိုးလင်းတာနဲ့
ထိုင်ခုံမှာ ဖင်ချ
အပြုံးလှလှလေးကို မျက်နှာမှာတပ်
ရင်ချင်းအပ်ပြီးဆွေးနွေးတော့မည့်ပုံနဲ့
ိကိုယ့်အပူကိုဘေးဖယ်
သူများသောကတွေကိုဈေးဝယ် သလိုဝယ်ပြီး
(ခြုန်းပွဲချ ငိုသူလဲရှိ
အပြုံးလှနဲ့မထီသူလဲရှိ)
(လုံးဝ) အပီအပြင်နှစ်သိမ့်တော့မယ့်ပုံနဲ့
ဟုတ်တာတွေလဲပြော
မဟုတ်တာတွေလဲနှော
AIDS ကကြောက်ဖို့မကောင်းပါဘူးဆိုလို့ဆို
အရောရောအပွမ်းပွမ်းထိုးသိပ်
ART နဲ့ချိတ်ဆက်ပေးမယ်က ပါသေး
ကူတော့ကယ်တော့မည့်ပုံနဲ့
အင်း----
ငါးနာရီလဲထိုးရော
ကုလားမကြီးလဲနိုးရော-----

အခန်းငယ်လေး

တကယ်တော့---

(၁၀)ပေတောင် မကျယ်ဝန်းတဲ့

နေရာလေးပါပဲ

ကျမ အတွက်

စိတ်ဓါတ်ခွတ်အားတွေဖြည့်ပေးနေကြ

နေရာလေးတစ်ခု---

ကျမပျော်ရင်

သူရင်ခွင်ဟာ--လင်းလက်တောက်ပစွာ

ပြုံးနေကြ

ကျမ၀မ်းနည်းလာရင်

သူလည်းပဲ ကျမနဲ့ထပ်တူဝမ်းနည်း

မှောင်မိုက်စွာအားနည်းနေကြ--

ဖွင့်ဟခွင့်မရတဲ့ အပြုံးတွေကို

(တိတ်တခိုး) ) နှစ်ခြိုက်စွာသုံးနေကြနေရာ

ပေါက်ကွဲခွင့်မရတဲ့အမုန်းတွေကိုလဲ

(တိတ်တဆိတ်) ချေမှုန်းပေးတဲ့ နေရာ

ကျမရဲ့ --- --အားငယ်မှု

လွမ်းဆွတ်မှု

စိတ်ပျက်မှု

အားငယ်တွေဝေမှု

ကျမတိတ်တခိုးပြောနေကြ စကား

သူအားလုံးကြားနိုင်တယ်---ပြီးတော့

အားလုံး နားလည်မှုပေးလို့--

နွေးထွေးစွာကြိုစိုနေကြ

ကျမ--ငို--နေကြရင်ခွင်လေးတခုပါပဲ

ပန်းများ၏ အစွမ်း သတ္တိ

အမျိုးသမီးမှာ လက်နှစ်ဘက်ရှိတယ်
စည်းစိမ်နွံတောမှာ နစ်မြှပ်ဖို့မဟုတ်
မူဝါဒကို ဆုပ်ကိုင်ဖို့၊ အလုပ်လုပ်ဖို့။
အမျိုးသမီးမှာ ခြေနှစ်ချောင်းရှိတယ်
သူမျှော်လင့်ချက်အတိုင်း
မြင့်နိုင်သမျှ မြင့်အောင်တက်ဖို့သူများအပေါ်
အခွင့်အရေးမယူဘဲ
ညီညွတ်စွာအခိုင်အမာရပ်တည်ဖို့။
အမျိုးသမီးမှာ မျက်လုံးတစုံရှိတယ်
အမျိုးသားတွေကို ညှို့ငင်ဖို့မဟုတ်
ဘ၀သစ်ရှာဖို့၊ ကျယ်ပြန့်တဲ့လေကကိုစူးစမ်းဖို့။
အမျိုးသမီးမှာ မယိမ်းမယိုင်ခိုင်မြဲတဲ့
မီးရူးတိုင်လို နှလုံးသားရှိတယ်
လူသားကိုဖန်ဆင်းဖို့၊ အင်အားတွေကိုစုစည်းဖို့။
အမျိုးသမီးမှာရှိတဲ့ဘဝ
ကာမဂုဏ် ပျော်ပါးရာမှာအသုံးတော်ခံဖို့မဟုတ်
လွတ်မြောက်ခြင်းတန်ဖိုးကိုသင်ယူဖို့
ယုတ္တိခိုင်လုံမှုနဲ့ အပြစ်တွေကိုဆေးကြောဖို့။
ပန်းတွေချွန်မြတဲ့ဆူးတွေ
ပြည်သူတွေအတွက်မပွင့်တပွင့်မဟုတ်
အစွမ်းကုန်ပွင့်ဖို့ မဟာပထ၀ီကို
မြေဆီအဖြစ်အားဖြည့်ဖို့။
ထိုင်းကဗျာဆရာမတစ်ဦး

(ကျမငယ်ငယ်ကတည်းက အင်မတန်စွဲလမ်းခဲ့တဲ့ကဗျာလေးပါ--မိန်းမတစ်ယောက်အဖြစ်ခွန်အားတွေပေးခဲ့တဲ့
ကဗျာလေးပေါ့ --ဒီကဗျာလေးကိုဖတ်ရတဲ့သူတိုင်း--မိန်းမတစ်ယောက်ရဲ့ ဘ၀နဲ့တန်ဖိုးကို ဂုဏ်ယူနိုင်ကြပါစေ--မြန်မာအမျိုးသမီးအားလုံးအတွက်)

ချစ်သော အကိုများ(ကိုလင်းဦး နှင့်ကိုဂျယ်လေး)

ကျနော် ရေးဖို့ Post တွေတော်များများစုစည်းထားပါတယ် ဒီနေ့က Dip DS စာတမ်းအတွက်လာခဲ့တာမို့ ဘာမှမရေးခဲ့နိုင်ဘူး
နောက်နေ့များမှ တ၀ကြီးဖတ်ပါလို့ တောင်းပန်အပ်ပါတယ်နော်

ကူညီပါခင်ဗျာ (ရှေ့နေမလေးသို့သိစေရန်)

ကျွန်တော် သူ့ကိုချစ်မိနေလို့ သူငယ်ချင်း တစ်ယောက်နဲ့ တိုင်ပင်တယ်ဗျာ။ အဲဒါကို မောင်မင်းကြီးသားက “မလုပ်နဲ့ အဲဒါ ကြိုတင်ကြံစည်မှု” တဲ့၊
အဲဒါကြောင့် သူအပြင်ထွက်တဲ့အခါ စာလိုက်ပေးမယ် ပြောပြန်တော့ သကောင့်သားက
“မလုပ်နဲ့ အဲဒါ ၀တ္တရားနှောက်ယှက်မှု” တဲ့ဗျာ။
“အိုကွာ ဒါဆိုရင် သူမြင်သာအောင် သူ့အိမ်ရှေ့ ခေါက်တုံ့ ခေါက်ပြန် လုပ်မယ်ကွာ”၊
“ဟကောင်ရ အဲဒါ မသင်္ကာမှုနဲ့ ငြိမယ်ကွ မလုပ်နဲ့” တဲ့၊
“ဟာ ဒါဆိုရင်တော့ ဂစ်တာလေးတီးပြီးတော့ သူသိအောင် လုပ်ပါရစေကွာ”၊
“သြော် မင်းက ဆူပူသောင်းကျန်းမှုနဲ့ ငြိချင် နေပြီထင်တယ်” တဲ့၊
လုပ်ပြန်ပြီဗျာ၊ ကျွန်တော် ဘယ်လိုလုပ်ရတော့မလဲ။“ကျွန်တော်ချစ်တာကို သူမသိနိုင်ရင် နေပါစေတော့၊ ချောင်ကွယ်တနေရာကနေပဲ ငေးတော့မယ်ကွာ၊ ကိုယ်ချစ်နေရရင် ပြီးတာပါပဲလေ”၊
“ဟာ မင်းကလဲကွာ မှောင်ရိပ်ခိုမှုတွေ ဘာတွေနဲ့ ငြိနေဦးမယ်နော်၊ ကြည့်လုပ် ကြည့်လုပ်”၊
“ဟ မင်းဟာက အမှုတွေ များလှချည်လား၊ တော်ပြီကွာ မချစ်တော့ဘူး”၊
“ဟေ့ ဟေ့ မလုပ်နဲ့ မလုပ်နဲ့ အဲဒါမှ ထိန်ချန်မှုနဲ့ တိုက်ရိုက် ငြိသွားမယ်” တဲ့။
ဘယ်လိုလုပ်ရတော့မလဲဗျာ၊ ကျွန်တော်လဲ မကြံတတ်တော့ဘူး၊ စဉ်းစားပေးကြပါဦး။

(သူငယ်ချင်းတစ်ယောက် အိမ်ကို အလည်သွားရင်း တွေ့ခဲ့ရတော့ စာရွက်အဟောင်းလေး တရွက်ပေါ်မှ စာသားများကို ပြန်လည် ပြင်ဆင် ရေးသားထားကြောင်း ၀န်ခံရင်း......)

သတိရခြင်းဆိုတာ

သတိရခြင်းဆိုတာ
လွတ်လပ်တယ်၊
တိကျသေချာတယ်၊
သိုဝှက်ဟန်ဆောင်မှု ကင်းတယ်၊
ကျယ်ဝန်းတယ်၊ နက်ရှိုင်းတယ်၊
အနှောင့်အယှက် ကင်းတယ်၊
လုံခြုံတယ်၊
အချက်အလက် ပြည့်စုံတယ်၊
ဒါပေမယ့်….
အထီးကျန်ဆန်တယ်၊
ဝမ်းနည်းစရာ ကောင်းတယ်၊
မရေရာတဲ့ မျှော်လင့်ချက်ရှိတတ်တယ်၊

အဆိုးဆုံးကတော့၊……
တစ်ဖက်သတ်ဆန်တယ်၊၊

အယ်ဖြူ(၁၉၇၁-၂၀၀၄)
တေးရေးအယ်ဖြူကဗျာလေးပါ --နှစ်သက်လို့

အလည်ရောက်ကြသူများ