လာရောက်ဖတ်ရှု့သူအားလုံး အဆင်ပြေပါစေ

ပန်းများ၏ အစွမ်း သတ္တိ

အမျိုးသမီးမှာ လက်နှစ်ဘက်ရှိတယ်
စည်းစိမ်နွံတောမှာ နစ်မြှပ်ဖို့မဟုတ်
မူဝါဒကို ဆုပ်ကိုင်ဖို့၊ အလုပ်လုပ်ဖို့။
အမျိုးသမီးမှာ ခြေနှစ်ချောင်းရှိတယ်
သူမျှော်လင့်ချက်အတိုင်း
မြင့်နိုင်သမျှ မြင့်အောင်တက်ဖို့သူများအပေါ်
အခွင့်အရေးမယူဘဲ
ညီညွတ်စွာအခိုင်အမာရပ်တည်ဖို့။
အမျိုးသမီးမှာ မျက်လုံးတစုံရှိတယ်
အမျိုးသားတွေကို ညှို့ငင်ဖို့မဟုတ်
ဘ၀သစ်ရှာဖို့၊ ကျယ်ပြန့်တဲ့လေကကိုစူးစမ်းဖို့။
အမျိုးသမီးမှာ မယိမ်းမယိုင်ခိုင်မြဲတဲ့
မီးရူးတိုင်လို နှလုံးသားရှိတယ်
လူသားကိုဖန်ဆင်းဖို့၊ အင်အားတွေကိုစုစည်းဖို့။
အမျိုးသမီးမှာရှိတဲ့ဘဝ
ကာမဂုဏ် ပျော်ပါးရာမှာအသုံးတော်ခံဖို့မဟုတ်
လွတ်မြောက်ခြင်းတန်ဖိုးကိုသင်ယူဖို့
ယုတ္တိခိုင်လုံမှုနဲ့ အပြစ်တွေကိုဆေးကြောဖို့။
ပန်းတွေချွန်မြတဲ့ဆူးတွေ
ပြည်သူတွေအတွက်မပွင့်တပွင့်မဟုတ်
အစွမ်းကုန်ပွင့်ဖို့ မဟာပထ၀ီကို
မြေဆီအဖြစ်အားဖြည့်ဖို့။
ထိုင်းကဗျာဆရာမတစ်ဦး

(ကျမငယ်ငယ်ကတည်းက အင်မတန်စွဲလမ်းခဲ့တဲ့ကဗျာလေးပါ--မိန်းမတစ်ယောက်အဖြစ်ခွန်အားတွေပေးခဲ့တဲ့
ကဗျာလေးပေါ့ --ဒီကဗျာလေးကိုဖတ်ရတဲ့သူတိုင်း--မိန်းမတစ်ယောက်ရဲ့ ဘ၀နဲ့တန်ဖိုးကို ဂုဏ်ယူနိုင်ကြပါစေ--မြန်မာအမျိုးသမီးအားလုံးအတွက်)
0 Responses

အလည်ရောက်ကြသူများ