လာရောက်ဖတ်ရှု့သူအားလုံး အဆင်ပြေပါစေ

ဝေးကွာနေရသော အချိန်လေးများ

ကျမနဲ့ ဝေးကွာနေတဲ့ blog စာမျက်နှာလေးများနဲ့ အခုမှ ပြန်လည်ဆုံတွေ့ခွင့်လို့
အရမ်းကိုပျော်ရွှင်မိပါတယ်
ဝေးကွာနေခဲ့ရတဲ့ အချိန်အတွင်းမှာ
စုဆောင်းထားခဲ့တဲ့ ပိုဒ်စ့်တွေကို အဆက်မပြတ်တင်သွားမှာပါ
blog ရေးဖြစ်အောင် အမြဲအားပေးတတ်တဲ့ ကျမ အကို ကိုလင်းဦး(စိတ်ပညာ)ကိုလဲ
အရမ်းကျေးဇူးတင်ပါတယ်

ကြိုတင်ပန်ကြားခြင်း

စာဖတ်ရတာပြတ်ပြတ်တောက်ဖြစ်နေကြပြီလား
ကျနော် ကြိုးစားမှာပါ
အခုကကျနော်အရမ်းဗျာများနေလို့ပါ
ကျနော်တို့လို နည်းပညာမကြွယ်ဝတဲ့ နယ်မြို့လေးက
ဘလော့ကာဆိုတော့ သီးခံဖို့တော့လိုမယ်နော်
ကျနော် ဆီအလည်လာသူတိုင်းကို အရမ်းကျေးဇူးတင်ပါတယ်
အေသင်

နှစ်သက်မိသော စာပိုဒ်လေး

သည်ဘ၀ကို ငါတစ်ကြိမ်သာဖြတ်သန်းရပေမည်
ဒါကြောင့်--ငါနှင့်ဘ၀သူ လူသတ္တာဝါတွေအတွက်
ငါလုပ်ပေးနိုင်သောကောင်းမှုမှန်သမျှ
ငါပေးနိုင်သော ကြင်နာယုယမှုမှန်သမျှ
ယခုငါလုပ်ပါရစေ---အချိန်မရွေ့မိပါစေနှင့်
မျက်ကွယ်မပြုမိပါစေနှင့်
သည်လမ်းကိုနောက်တဖန်ငါပြန်မလျှောက်လှမ်းတော့ပြီဖြစ်သောကြောင့်ပင်------။ ။
အေးတီးယန်း ဒီ ဂရဲလေး

မေတ္တာငတ်မွတ်လို့သေဆုံးရသူတွေ

ဒီနေ့ကမ္ဘာမှာ
အကြီးကျယ်အဆိုးဝါးဆုံးရောဂါဟာ
TB လဲမဟုတ်ဘူး
အနာကြီးရောဂါလဲမဟုတ်ဘူး
AIDS လဲမဟုတ်ဘူး
နှစ်သက်လိုလားသူမရှိတာ
မေတ္တာထားခြင်းမခံရတာ
ကြည့်ရူစောင့်ရှောက်ခြင်းကင်းမဲ့တာ
ပေယျာလကန်အပြုခံရတာတွေပဲ
ကိုယ်ကာယရောဂါတွေကို
သာမန်ဆေးဝါးများပေးလို့ရပေမယ့်
အထီးကျန်ခြင်း၊စိတ်ပျက်အားလျော့ခြင်း
ဝေဒနာတွေကိုတော့မေတ္တာတရားနဲ့သာကုစားနိုင်ပါတယ်
ဒီနေ့ကမ္ဘာမှာ
ပေါင်မုန့်တဖဲ့အတွက်
အသက်ငင်နေကြသူတွေ
အမြောက်အများရှိကြတာမှန်သလို
မေတအြကြင်နာလေး
နည်းနည်းမှ မခံစားရလို့
သေဆုံးကြမယ့်လူတွေကလဲ
ဒုနဲ့ဒေးပါ။ ။

မာသာထရီဇာ

သာဓု သာဓု သာဓု

သာဓု သာဓု သာဓု

မြစ်ကြီးဧရာ ပြည်မြန်မာ

ဘယ်ခါမလပ်စီးမရပ်

လူထုဒေါ်အမာ ရေးပြုလာ

ကမ္ဘာကောင်းဖိြု့ မန်ကောင်းဖို့

ဗိုလ်ချုပ်အောင်ဆန်း ပြည်သူပန်း

ချီလှန်းတူစွာ ဒေါ်အမာ။

ပြည်ချစ်သားများသမီးများ

မွေးဖွားပေးလာမိမြန်မာ။

ရွှေပြည်မြန်မာတည်ဆောက်မှာ

မြန်မာအလှ ဒေါင်းနဲ့က။

သာဓုခေါ်သံဝေေ၀ညံ

မိုးယံမြေလုံး အောင်သံဖုံး။

ထိုနေ့ကိုသာရောက်သောခါ

အမေမာသာဓုပြုံးချိုပြု။

ထိုနေ့ကိုသာရောက်သောခါ

ဝမ်းသာ သာဓုဦးလေးလှပြု

ထိုနေ့ကိုသာရောက်သောခါ

မဟာ သာဓု အောင်ဆန်းပြု

ထိုနေ့ကိုသာရောက်သောခါ

ဇေယျာ သာဓု ပြည်သူတွေပြု။

29.11.08 မှာကျရောက်တဲ့ အမေမွေးနေ့ အမှတ်တရ----

(ဒီကဗျာလေးက အမေကွယ်လွန်တဲ့နေ့7.4.08 က ကျမတို့လေးစားချစ်ခင်ရတဲ့ ဆရာဦးအံ့မောင်ရေးထားတဲ့ ကဗျာလေးပါ ။ဘယ်စာမျက်နှာမှဖော်ပြခြင်းမရှိသေးလောက်ဘူးထင်ပါတယ်--ဆရာရဲ့တိုက်ရိုက်ခွင့်ပြုချက်မရဘဲ ကျမ blogမှာတင်ခဲ့ပေမယ့် ဆရာကြီးကျေနပ်လိမ့်မယ်ထင်ပါတယ်--အမေကိုလေးစားတဲ့ဆရာရဲ့ကဗျာလေးနဲ့အမေကိုချစ်တဲ့ကျမက

အမေကို ဂါဝရပြုလိုက်ပါတယ်--)

မှာတမ်း

ငါသေရင်
ရေမချိုးပါ
ပူပင်ခဲ့ရတဲ့လူ့
ဘ၀အခိုး အငွေ့တွေ
ငြိမ်းအေးသွားမှာစိုး----
ငါသေရင်
ရေအိုးမခွဲပါနဲ့
အိုးထိန်းသည်ရဲ့
လက်ခတ်သံတွေ
ဆိတ်သုဉ်းသွားမှာစိုး---
ငါသေရင်
ပန်းအိုးမထိုးပါနဲ့
ပန်းပေါင်းတရာ
ညှိုးပျက်မှာစိုး----
ငါသေရင်ခြေမကြိုးမချည်ပါနဲ့
ငါ့ဝိညဉ်တွေနာကျင်အကျင်းကျမှာစိုး---

အမုန်းကိုကျော်လွန်ရ်ျ ကြည့်ခြင်း

ဒီခေါင်းစဉ်စာသားလေးကတော့ ကျမချစ်တဲ့ ကျမတို့မြို့သား ဆရာသစ်ရဲ့စကားလေးကိုယူသုံးထားတာပါ
ကျမတို့ဟာပြသနာတခ၊ုအကြောင်းအရာတခုကို အမုန်းကိုကျော်လွန်ပြီးမကြည့်နိုင်ကြတဲ့အခါ
အမှန်တရားနဲ့ဝေးသွားတတ်ပါတယ်
ကျမတို့ ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှကျမတို့ရဲ့စိတ်ကိုဒုက်ခမပေးနိုင်ကြပါဘူး ကျမတို့ရင်ထဲမှာအာဃာတတွေများနေရင် ဒါတွေကို မထိန်းချုပ်နိုင်ရင် ကျမတို့မှာစိတ်ဖိစီးမှုတွေများလာမယ်။ အခုကျမစိတ်မချမ်းသာဘူး ဒီပတ်ဝန်းကျင်ကထွက်ပြေးချင်တယ် ဒါကြောင့်နေရာသစ်တခုကိုရှာဖွေချင်တယ်
ဒါပေမယ့်ကျမသိတယ်ကျမ ဒီပတ်ဝန်းကျင်က ဒီလူတွေကသာကျမလွတ်မြောက်နိုင်မယ်
ကျမကိုယ်တိုင်ဆီကတော့လွတ်မြောက်နိုင်မှာမဟုတ်ဘူး
ရင်ထဲမှာအာဃာတတွေ၊ဒေါသတွေရှိနေတဲ့သူဟာ အပြင်မှာ စိတ်ချမ်းသာမှုကိုရှာတွေ့နိုင်မှာမဟုတ်ဘူး
ဒါကြောင့်ကျမတို့ဟာ အမုန်းကိုကျော်လွင်ပြီးကြည့်နိုင်ကြဖို့လိုပါတယ်
တကယ်တော့ ပြသနာတော်တော်များရဲ့အဖြေဟာ ကျမတို့ရဲ့စိတ်အတွင်းမှာပဲရှာဖွေနိုင်ပါတယ်
သူငယ်ချင်းတို့ရောပြသနာတွေရဲ့အဖြကိုဘယ်လိုရှာဖွေကြသလဲဆိုတာ ကျမစိတ်ဝင်စားတယ်

အလည်ရောက်ကြသူများ