လာရောက်ဖတ်ရှု့သူအားလုံး အဆင်ပြေပါစေ

မှာတမ်း

ငါသေရင်
ရေမချိုးပါ
ပူပင်ခဲ့ရတဲ့လူ့
ဘ၀အခိုး အငွေ့တွေ
ငြိမ်းအေးသွားမှာစိုး----
ငါသေရင်
ရေအိုးမခွဲပါနဲ့
အိုးထိန်းသည်ရဲ့
လက်ခတ်သံတွေ
ဆိတ်သုဉ်းသွားမှာစိုး---
ငါသေရင်
ပန်းအိုးမထိုးပါနဲ့
ပန်းပေါင်းတရာ
ညှိုးပျက်မှာစိုး----
ငါသေရင်ခြေမကြိုးမချည်ပါနဲ့
ငါ့ဝိညဉ်တွေနာကျင်အကျင်းကျမှာစိုး---
0 Responses

အလည်ရောက်ကြသူများ